kachindailynews@

ကချင်နေ့စဉ်သတင်းသို့ သတင်းနှင့်စာမူများပေးပို့ချင်သော စာရှုသူပရိသတ်များ kachindailynews2010@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ

ပိုမိုဆိုးဝါးလာေKIA ၏ လူသစ်စုဆောင်းမှုများ

Loading...

ပိုမိုဆိုးဝါးလာေKIA ၏ လူသစ်စုဆောင်းမှုများ

Loading...

ပိုမိုဆိုးဝါးလာေKIA ၏ လူသစ်စုဆောင်းမှုများ

Loading...

ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်နေသော်လည်း KIA တပ်ဖွဲ့ဝင်အချို့ တစ်ဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်မှုများ ရှိနေ

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့သည် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်၊ မနောကွင်းရှိ မဂျွယ်ခန်းမ၌ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း မြို့ခံများထံမှ သိရှိရသည်။

KIO နှင့် အစိုးရတို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် KIO ၏ အခန်းကဏ္ဍကို အဓိကထား ဆွေးနွေးမည်

အစိုးရ နည်းပညာ အထောက်အကူပြု အဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့၏ သုံးရက်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွင်း အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များကို KIO ပါဝင်နိုင်မှု အခန်းကဏ္ဍကို အဓိကထား ဆွေးနွေးသွားမည်ဟု KIO အလုပ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူဆရာဒေါင်ခါးက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လွှတ်တော်ပြင်ပ တွင် နိုင်ငံရေး ဆွေးနွေးမည်

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် နိုင်ငံရေး ဆွေးနွေးပွဲကို လွှတ်တော်ပြင်ပ တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။...

နိုဝင်ဘာ အပစ်ရပ်ရေး သဘောမတူကြသေး

ကချင်ပြည်နယ် မြစ်ကြီးနားတွင် ကချင်လွတ်မြောက်ရေးတပ် ကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံနေသလိုအစိုးရ ဦးဆောင်ပြုလုပ်မည့်

ကချင်ပြည်နယ် မိခင်နှင့်ကလေး မူလတန်းကြိုကျောင်း ဆောက်လုပ်မှု ၉၀ ရာခိုင်နှုန်းပြီးစီး

မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်အတွင်း ပြည်နယ် မိခင် နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်မှု ကော်မတီ ၏ ကြီးကြပ် ဆောက်လုပ်လျက် ရှိသော မူလတန်းကြို (မူကြို) ကျောင်း ဆောက်လုပ်မှုမှာ အဆောက်အအုံ အားလုံး၏ (၉ဝ) ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ကို မြစ်ကြီးနားဒေသခံ တစ်ထောင်ကျော် ကြိုဆို

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် မြစ်ကြီးနားမြို့ တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ့သို့ တက်ရောက်ရန် အောက်တိုဘာလ ၇ ရက်နေ့က ရောက်ရှိလာသော ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ကို

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် မူဘောင်ခြောက်ချက် KNU ထုတ်ပြန်

အစိုးရ၏ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် အစိုးရဘက်က လိုက်လျောပေးရမည့် မူဘောင် ခြောက်ချက်ကို ကရင်အမျိုးသား အစည်းအရုံး (KNU) က ထုတ်ပြန်လိုက်ကြောင်း KNU လုံခြုံရေး ကော်မတီ၏ တာဝန်ခံ ဗိုလ်မှူးရန်နိုင်က ပြောကြားသည်။ ...

Tuesday, May 27, 2014

မြစ်ကြီးနား - ဖားကန့်ပြေးဆွဲသော ယာဉ်များအား KIA ဆက်ကြေးတောင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနား - ဖားကန့်လမ်းပိုင်းတွင်ပြေးဆွဲနေသော ယာဉ်များအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အဖွဲ့မှ တစ်နှစ်စာ ဆက်ကြေးငွေကို မေလနောက်ဆုံး
ပေးရန် တောင်းခံထားကြောင်း ဒေသခံ များထံမှ သိရသည်။

``ကာမိုင်းမြို့ပေါ်က ကချင်ဈေးဆိုင်တွေဆီက အသံထွက်လာတာပဲ၊ သူတို့ကနေတစ်ဆင့်ကားသမား တွေကို KIA အဖွဲ့က ငွေတောင်း တာလို့ပြောတယ်၊ ဒါပေမယ့် ကားသမားတွေက တောင်းတဲ့ငွေများနေတော့ မပေးချင်ဘူး ဖြစ်နေကြ တယ်´´ ဟု မြို့ခံတစ်ဦးကပြောသည်။

KIA အနေဖြင့် မြစ်ကြီးနား-ဖားကန့်လမ်းကြောင်းတွင် ပြေးဆွဲနေသော ယာဉ်များအား ယခင်ကကဲ့သို့ ယာဉ်များတားကာ ဆက်ကြေးငွေတောင်း ယူခြင်းမျိုး မပြုလုပ်ဘဲ ၄င်းတို့၏ အမာခံများမှ တစ်ဆင့် တောင်းခံခြင်း ဖြစ်ကြောင်း သိရသည်။

`` အရင်ကဆိုရင် ကားလမ်းပေါ်မှာကားတွေကိုတားပြီး KIA ကငွေတောင်းတာ အခုတော့အဲ့ဒီလိုမဟုတ်တော့ဘူး၊ ရွာမှာ သူတို့ လူယုံတွေမွေးပြီး တောင်းခိုင်းတာ၊ ကျွန်တော်ကတော့ ဒရိုင်ဘာပါ၊ကား အုံနာတွေပေးမပေး ကျွန်တော်လည်းမသိပါ ဘူး´´ ဟု ကုန်တင် ကားမောင်းသော ကားသမားတစ်ဦးက ဆိုသည်။

မြစ်ကြီးနားမှ ဖားကန့်သို့ပြေးဆွဲနေသောယာဉ်များမှာ ကုန်တင် (၆)ဘီး ယာဉ်နှင့် တုန်ဖုန်းယာဉ်အများစုဖြစ်ပြီးKIA ထံ ဆက်ကြေးမပေး ပါက ပြေးဆွဲ ခွင့်မပြုဟု ပြောထားကြောင်း ကားပိုင်ရှင်ကို မိုးတင်အောင်က ပြောကြားသည်။

`` ကုန်တင်ကား(၆)ဘီးတစ်စီးကို (၅)သိန်း၊ တုန်ဖုန်းတစ်စီးကို (၃)သိန်းပေး ရမယ်ဆိုပြီး KIA ကလွှတ်လိုက်တဲ့ လူတစ်ယောက် လာတောင်း ပါတယ်၊ ဒီလကုန်လို့မှ ငွေမသွင်းနိုင်ရင် ကားမထွက်ရဘူးဆိုပြီး ပြောသွားတာပဲ၊ တိုးတက်လာ တဲ့ ဒီမိုကရေစီခေတ်ထဲမှာ အဲဒီအမူအကျင့်တွေပျောက် သင့်ပြီလို့ ထင်ပါတယ်´´ ဟု ၄င်းကပြောသွားသည်။

Credit To: ကောင်းထိုက်စံ(ဖားကန့်)

အစိုးရတပ်၏ ဖိအားပေးမှုကြောင့် မဟုတ်ဘဲ တိုက်ပွဲများ မဖြစ်တော့၍ ကချင်ဒုက္ခသည်များ နေရပ်ပြန်ခြင်းဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ၀ိန်းဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ မူဆယ်မြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်း ရှောင်လာခဲ့သည့် ကချင်စစ်ပြေးဒုက္ခသည် ၅၀၀ အနက် ၁၀၀ ခန့်သည် မေ ၂၆ ရက်နေ့တွင် နေရပ်သို့ ပြန်သွား ကြပြီဖြစ်ကြောင်း သိရသည်။

“ ဧပြီလတုန်းက တိုက်ပွဲတွေဖြစ်တော့ ဒီကို ပြေးလာကြတာပါ ၊ အခုတော့ တိုက်ပွဲတွေ မဖြစ်တော့တဲ့အတွက် ပြန်လာခေါ်တာပါ၊ ဒုက္ခသည် ၁၀၀ လောက် ပြန်လိုက်သွားကြပါတယ်၊ ၀ိန်းဆိုင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလဘန်ကျော်အောင် ကိုယ်တိုင် လာခေါ်သွားတာပါ ” ဟု ယင်းဒုက္ခသည် စခန်းတာဝန်ခံက ပြောသည်။

ဝိန်းဆိုင်မြို့နယ်အတွင်းရှိ ၀ိန်းဆိုင်၊ ဘန်ကမ်း၊ ဟိုပန် ၊ ခါနန် စသည့် ကျေးရွာများမှ အိမ်ထောင်စု ၄၃ စုသည် စစ်ပြေးဒုက္ခသည်များအဖြစ် ခိုလှုံနေထိုင်ကြရပြီး (၁၀၀) ခန့် နေရပ်ပြန်ပြီဖြစ်ကြောင်း သိရသည်။

“ ပြန်လိုက်မယ်ဆိုရင် အကုန်ခေါ်သွားကြမှာပါ၊ 
ဒါပေမယ့် လောလောဆယ်တော့ ၁၀၀ လောက်ပဲ လိုက်ဦးမယ် လို့ကြားတယ် ၊ အုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင် လာခေါ်တာပါ၊ အခု ဒီ KBC နှစ်ခြင်း ခရစ်ယာန် ကယ်ဆယ်ရေး စခန်းမှာတော့ ၃၀၀ လောက် ကျန်နေပါသေးတယ် ” ဟု ဘာသာရေး ဆရာတစ်ဦးက ပြောသည်။

အစိုးရတပ်၏ ဖိအားပေးမှုကြောင့် ဒုက္ခသည်များ နေရပ်ပြန်ရသည်ဟူသော Online ပေါ်တွင် သတင်းပျံ့နှံ့နေမှု ကြောင့် အဆိုပါ ဒုက္ခသည်စခန်း တာဝန်ခံအား မေးမြန်းကြည့်ရာ -

“ အဲဒီ သတင်းကမဟုတ်ပါဘူး၊ အစိုးရတပ်က ဘာမှလာပြီး ၀င်စွက်ဖက်တာ မရှိပါဘူး၊ အခုပြန်တာကလည်း တိုက်ပွဲတွေ မဖြစ်တော့လို့ ပြန်ကြ တာပါ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင် အာမခံပြီးလာခေါ်တာပါ ” ဟု ပြောသည်။

“ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ကျွန်တော်တို့ တပ်မတော်က ဘယ်တုန်းကမှ ဖိအားမပေးခဲ့ပါဘူး ဟိုမှာ တိုက်ပွဲ တွေ မဖြစ်တော့တဲ့အတွက် အုပ်ချုပ်ရေးမှူးတွေက လာခေါ်လို့ ဒုက္ခသည် ၁၀၀ လောက် ပြန်လိုက် သွားကြပါပြီ၊ Online ပေါ်မှာ မဟုတ်မမှန်သတင်းတွေ လျှောက်ရေးလို့ ကျွန်တော်တို့လည်း အဖြစ်မှန်တွေကို ပြန်ပြီးဖြေရှင်း ပေးနေရ တာ တောက်လျှောက်ပါပဲ၊ အဲဒိလို ကျွန်တော်တို့ တပ်တွေကို လုပ်ကြံ လီဆယ်ပြီး ရေးတာတွေက ရိုးနေပါပြီ၊ ဘယ်သူမှလည်း သူတို့လုပ်ကြံ သတင်းတွေကို လက်မခံကြပါဘူး” ဟု အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက ပြောကြားသွားခဲ့သည်။

နေနိုင် ( မူဆယ်)

ဧရာဝတီ မြစ်ဆုံစီမံကိန်း နှစ်ဖက်အစိုးရ သဘောမတူညီလျှင် ဖျက်သိမ်းနိုင်ဟု တရုတ်ကောင်စစ်ဝန်ချုပ် ပြောကြား

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက်ဟု ဆိုထားသော မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ဆုံတွင် လက်ရှိ အစိုးရသစ် သက်တမ်းအတွင်း ရပ်ဆိုင်းထားသည့် မြစ်ဆုံ လျှပ်စစ်ဓာတ်အား စီမံကိန်းအတွက် ချုပ်ဆိုထားသော စာချုပ်ကို တရုတ်နှင့် မြန်မာနိုင်ငံ နှစ်ဖက်အစိုးရ သဘောတူညီချက် မရရှိပါက ဖျက်သိမ်းနိုင်ကြောင်း မန္တလေးမြို့တော် အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ရုံးမှ ကောင်စစ်ဝန်ချုပ် Wang Yu က ပြောကြားသည်။
မန္တလေးမြို့တော်ရှိ တရုတ်ကောင်စစ်ဝန်ချုပ် ရုံးတွင် ကောင်စစ်ဝန်နှင့် မန္တလေး မီဒီယာများ တွေ့ဆုံစဉ် မီဒီယာများက တရုတ်နိုင်ငံ အနေနှင့် ဧရာဝတီ မြစ်ဆုံစီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရန် ရှိမရှိ မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားသွားခြင်း ဖြစ်သည်။

မြန်မာအစိုးရနှင့် မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်မည့် China Power Investment (CPI) ကုမ္ပဏီတို့အကြား ချုပ်ဆိုထားသည့် ဧရာဝတီ မြစ်ဆုံစီမံကိန်း စာချုပ်ကို ရပ်ဆိုင်းခြင်း၊ မရပ်ဆိုင်းခြင်း ကိစ္စများသည် ယင်းကုမ္ပဏီကသာ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပြီး နှစ်ဖက်အစိုးရက ဆက်လက် အကောင်အထည်ဖော်ရန် သဘောတူညီမှု မရလျှင် စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းနိုင်ကြောင်း တရုတ်ကောင်စစ် ဝန်ချုပ်က ပြတ်သားစွာ ပြောဆိုသည်။

“ဒီစီမံကိန်းကို ကန့်ကွက်နေတာက သဘာဝပတ်ဝန်းကျင် ထိခိုက်မှာ စိုးတဲ့အတွက် ကန့်ကွက်နေတာလို့ သိထားတယ်။ ဒီစီမံကိန်း အကောင်အထည် ဖော်နိုင်ရင် အနည်းဆုံး မန္တလေးမှာ မီးမပျက်တော့ဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ မြစ်ဆုံစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မည် ဆိုပါက မြစ်ဆုံ ဝန်းကျင်တွင် ရေလွှမ်းဧရိယာ ကျယ်ပြန့်သွားမည် ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်နှင့် အဏုဇီဝများ ပျက်စီးဆုံးရှုံးနိုင်ခြင်း၊ ကချင်ဒေသ တစ်ခုလုံး ထိခိုက် ပျက်စီးသွားနိုင်ပြီး ဧရာဝတီ မြစ်ရိုးတစ်လျှောက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

“ဒီစာချုပ်ကို အစိုးရနှစ်ဖက်က သဘောမတူလို့ အပြီးတိုင် ဖျက်သိမ်းလို့သာ ရတယ်ဆိုရင် ဒါဟာ မင်္ဂလာသတင်းပါပဲ။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းသွားဖို့သာ အဓိကပါ” ဟု မန္တလေးမြို့အခြေစိုက် စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ဆိုသည်။

ဧရာဝတီ မြစ်ဆုံစီမံကိန်းကို တပ်မတော်အစိုးရက ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တက်ရောက်လာသည့် အရပ်သားအစိုးရက ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းကြောင်း သဝဏ်လွှာ ပေးပို့ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို CPI နှင့် အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး လူထု၏ ကန့်ကွက်မှုကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်ရှိအစိုးရ လက်ထက်တွင် စီမံကိန်း ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်။

ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် ပြန်လည် အကောင်အထည် မဖော်လိုရေး ကန့်ကွက်ဆန္ဒပြမှုများကို တရားဝင် လုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားဟောင်းများ အစည်းအရုံးအဖြစ် မှတ်ပုံတင်မည် ဖြစ်ကြောင်း အဆိုပါ အစည်းအရုံး အထွေထွေအတွင်းရေးမှူး ဦးရဲထွဋ်ခေါင်က မေလ ၂၂ ရက်နေ့တွင် ပြောကြားထားသည်။

နိုင်ငံရေးပါတီများကို မြေကွက်နှင့် ကားပါမစ်များချပေးရန် ရွေးကောက်ပွဲကော်မရှင် ကမ်းလှမ်း

နိုင်ငံရေးပါတီများကို မြေကွက်နှင့် ကားပါမစ်များပေးနိုင်ရေးအတွက် နိုင်ငံရေးပါတီများထံ ကမ်းလှမ်းသည့်စာကို လမ်းညွှန်ပေးနိုင်ရန်ဟုဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သမ္မတရုံးသို့ မေ ၂၂ ရက် ရက်စွဲဖြင့် စာပို့တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စများအတွက် အကြောင်းအရာတစ်မျိုးစီကို သီးခြားပို့ခဲ့ခြင်းဖြစ်ပြီး ပါတီရုံးခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ရုံးအဆောက်အဦ (သို့) မြေနေရာရရှိရေးကိစ္စနှင့် နိုင်ငံရေးပါတီများ အခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော်ယာဉ် တင်သွင်းခွင့်ပြုနိုင်ရေးကိစ္စဟူသော ခေါင်းစဉ်များဖြင့် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လက်မှတ်ရေးထိုးပေးပို့ခဲ့ခြင်းဖြစ်သည်။

မူဆယ်မှ ကချင် စစ်ပြေးဒုက္ခသည် ၁ဝဝ ကျော် မိမိနေရပ်သို့ ပြန်

ဖနိဒါ

ချင်းမိုင်၊ မဇ္ဈိမ။ ။ ကေအိုင်အေနှင့် အစိုးရတပ်တို့အကြား ဧပြီလက တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဝိုင်းဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ မူဆယ်မြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ကချင်စစ်ပြေးဒုက္ခသည် ၅ဝဝထဲမှ ၁ဝဝကျော်ကို နေရပ်သို့ ပြန်လည်နေထိုင်ရန် စီစဉ်ပေးနေပြီဟု ဒုက္ခသည်များကို လာရောက်ခေါ်ယူသူ ဝိုင်းဆိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလဘန်ကျော်အောင်က မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဝိန်းဆိုင်မြို့နယ်အတွင်းရှိ ဝိန်းဆိုင်၊ ဘန်ကမ်း၊ ဟိုပန်၊ ခါနန်၊ ဘန်ကမ်း စသည့် ကျေးရွာများမှ အိမ်ထောင်စု ၄၃ စုမှ စစ်ပြေး ဒုက္ခသည် ပေါင်း ၁ဝဝ ကျော်ကို မေလ ၂၆ ရက်တွင် မိမိနေရပ်သို့ ပြန်နိုင်ရေးအတွက် ကားများ စီစဉ်ပေးနေသည် ဦးလဘန် ဂျော်အောင်က ပြောသည်။

“ပြန်ချင်တဲ့လူ ဘယ်လောက်ရှိ မရှိဆိုတာနဲ့ ပတ်သက်လို့ မနေ့ညက ကျွန်တော်တို့ အစည်းဝေးထိုင်ကြတယ်။ ကျွန်တော်တို့ ပြန်ချင်တဲ့ လူတွေကို စာရင်းယူတယ်။ ဒီနေ့တော့ ကားတွေ ခေါ်ပေးတယ်။ မနေ့ကအထိ ပြန်ချင်တဲ့လူတွေ စာရင်းရတာက အိမ်ထောင်စု ၄၃ ရှိတယ်။ ခုန စာရင်းမထည့်သေးတဲ့ လူတွေလည်း ရှိသေးတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ဝိန်းဆိုင်အုပ်ချုပ်ရေးမှူး အပါအဝင် ဘာသာရေးဆရာများက မိမိနေရပ်သို့ ပြန်မည့် အဆိုပါ စစ်ပြေးဒုက္ခသည်များကို လာရောက် ခေါ်ယူခြင်း ဖြစ်ပြီး လက်ရှိ KBC နှစ်ခြင်းခရစ်ယာန် ကယ်ဆယ်ရေး စခန်းတွင် စစ်ပြေးဒုက္ခသည် ၃ဝဝ ကျော် ခိုလှုံနေဆဲ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

“ဟိုမှာ ဘာမှ လုပ်စရာမရှိ စားစရာမရှိတဲ့လူတွေက ဒီမှာ နေရအုန်းမယ်”ဟု သူက ဆက်ပြောသည်။

စစ်ပြေးဒုက္ခသည်များ မိမိနေရပ်သို့ မပြန်လိုသော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးများက တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတော့ဟု ဆိုကာ ပြန်လည်ခေါ်ဆောင်သဖြင့် ပြန်ရခြင်းလည်း ဖြစ်သည်ဟု စစ်ပြေးဒုက္ခသည်များအရေး လိုက်ပါဆောက်ရွက်ပေးသူ ကချင်လူငယ်အဖွဲ့မှ ဒေါ်လမိုင်ကော့က ပြောသည်။

လတ်တလော အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)တို့ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတော့သော်လည်း ဝိန်းဆိုင်မြို့နယ်အတွင်း အစိုးရ၏ မုံးကိုး စစ်ဗျူဟာ လက်အောက်ခံ ၂၃၂ တပ်များ အခြေချ လှုပ်ရှားနေဆဲ ဖြစ်သည်ဟု အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလဘန်ဂျော်အောင်က ပြောသည်။

Monday, May 19, 2014

တိုင်ကြားစာ

KIA မှ အတင်းအဓမ္မ ဖမ်းဆီးသွားသော သားနှင့်သမီး လွတ်မြောက်ရေး အတွက် မိခင်ဖြစ်သူတစ်ဦးမှ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Mrs . Yang Hee Lee ထံသို့ တိုင်ကြားစာတစ်စောင်အား မေလ ၁၄ ရက်နေ့က ပေးပို့ခဲ့ပါသည်...........



မြစ်ဆုံလမ်းလျှောက်အဖွဲ့ ဒေသခံပြည်သူများ လက်မခံ၍ နေရပ်ပြန်

မြစ်ကြီးနားမြို့၊ တန်ဖဲကျေးရွာ၊ မြစ်ဆုံရှိ ကချင်အိမ်တော်ကြီးတွင် တည်းခိုလျက်ရှိသည့် မြစ်ဆုံစီမံကိန်း အပြီးအပိုင် ဖျက်သိမ်းရေးအတွက် လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့ချုပ်မှ ဦးမျိုးသီဟထွန်း ဦးစီးအဖွဲ့သည် ဒေသခံပြည်သူများ လက်မခံ၍ မေ ၁၈ ရက်နေ့တွင် နေရပ်ပြန်သွား ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
“ အစတုန်းက မြစ်ဆုံမှာ သပိတ်စခန်းဖွင့်မယ်လို့ ကြားတာပဲ၊ မနေ့ကတော့ ပြန်သွားကြတာတွေ့တယ်၊ ငွေကြေးရော အစားအသောက်ပါ၊ ထောက်ပံ့မယ့်သူ မရှိတော့လို့ ပြန်တာလို့လည်း ပြောသံကြားတယ် ” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

ကေအိုင်အိုသည် ရှမ်းလူမျိုးများကို ကချင်နှင့်တန်းတူ အခွင့်အရေး မပေးဟု ရှမ်းအဖွဲ့အစည်းဆို

ကချင်လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သော ကေအိုင်အေ အဖွဲ့အစည်းသည် ကချင်ပြည်နယ်ရှိ ရှမ်းလူမျိုးများကို ကချင်လူမျိုးများနှင့် တန်းတူ အခွင့်အရေး မပေးခဲ့ကြောင်း ရှမ်းမျိုးနွယ်စုများရေးရာ အဖွဲ့မှ ပြောကြားလိုက်သည်။

ကချင်ပြည်နယ်ရှိ ကချင်လူမျိုးနှင့် ရှမ်းလူမျိုးများသည် ဌာနေတိုင်းရင်းသားများ ဖြစ်ပြီး အတူတကွ ဖိနှိပ်ခံကြရသော တိုင်းရင်းသား လူမျိုးစုများ ဖြစ်သည့်အတွက် အတူတကွ လွတ်မြောက်ရန် ကြိုးစားနေသည်ဟု ဆိုသော်လည်း ဒေသခံ ရှမ်းလူမျိုးစုများအပေါ် မည်သည့် အခွင့်အရေးကိုမျှ တန်းတူမပေးခဲ့ကြောင်းနှင့် လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သော ကေအိုင်အေကလည်း ဒေသခံ ရှမ်းလူမျိုးစုများအပေါ် အနိုင်ကျင့် ဆက်ဆံမှုများ ရှိနေသည်ဟု ခံစားနေကြရကြောင်း ရှမ်းလူမျိုးစုများရေးရာ အဖွဲ့မှ ပြောခွင့်ရသူ ဦးစိုင်းထွန်းရင်က မှတ်ချက်ပြု ပြောကြားသည်။

Wednesday, May 14, 2014

ရိုးရာဇကောထမင်းဝိုင်း


ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းရေးကို UPWC နှင့် KIO တို့ သဘောတူ

အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီ (UPWC) နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ တတိယ အကြိမ် မြစ်ကြီးနားဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဟန့်တားစေနိုင်သည့် ဖြစ်စဉ်ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရေးကို ဦးစားပေးဆွေးနွေးခဲ့ကြပြီး ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းရေးကိုလည်း သဘောတူခဲ့ကြောင်း သိရသည်။

နှစ်ရက်ကြာပြုလုပ်ရန် ရည်မှန်းခဲ့ပြီး တစ်ရက်တည်းဖြင့် အပြီးသတ်သွားသည့် ထိုဆွေးနွေးပွဲအပြီးတွင် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အချက်ငါးချက်ဖော်ပြခဲ့သည်။

"စစ်ဘက်ဆိုင်ရာအနေနဲ့ တိုက်ပွဲတွေ ထပ်မဖြစ်ပွားဖို့ ကျွန်တော်တို့ဦးတည်ပြီး ဆွေးနွေးတာက တိုက်ပွဲတွေလျှော့ချဖို့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဆိုပြီး ဖွဲ့စည်းဖို့ ဒီအပေါ်မှာပဲ နှစ်ဖက် စလုံးက ဆွေးနွေးခဲ့ပါတယ်။ ဒီအဖွဲ့မှာ တပ်မတော်ဘက်ကလည်းပါတယ်။ သူတို့ဘက်ကလည်း ငါးယောက်၊ ကျွန်တော်တို့ဘက်ကလည်း ငါးယောက်ပေါ့လေ။ အသေးစိတ်တော့၊ အဖွဲ့ဝင်တွေဘယ်သူပါမလဲ ဆိုတာတော့ ညှိနှိုင်းရဦးမှာပေါ့" ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်က ဆွေးနွေးပွဲအပြီးတွင် ပြောကြားသည်။

ထုတ်ပြန်ကြေညာချက်၌ပါဝင်သော အချက်ငါးချက်အနက် ထူးခြားသောအချက်နှစ်ချက်ပါဝင်ခဲ့ပြီး ပထမအချက်သည် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းရန် သဘောတူခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖွဲ့စည်းရန် သဘောတူညီမှုမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၀ ရက် သဘောတူညီချက်တွင်ပါရှိသည့် "ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေးယန္တရား" ကို ပထမအဆင့်ကို အကောင်အထည်ဖော်ခြင်းအနေဖြင့် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ထူးခြားချက်နောက်တစ်ရပ်မှာ "နှစ်ဦးနှစ်ဖက်နားလည်မှုကို ပျက်ပြားစေသော မီဒီယာများ၏ လွဲမှားစွာရေးသားဖော်ပြနေမှုများကိုလည်း ဆွေးနွေးခဲ့ကြသည်" ဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထိုအချက်ထည့်သွင်းခြင်းနှင့်ပတ်သက်၍ အစိုးရကိုယ်စားလှယ်များက မှတ်ချက်မပေးခဲ့သော်လည်း KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကမူ ထိုအချက်ထည့်သွင်းရခြင်းအကြောင်းကို ရှင်းလင်းခဲ့သည်။

"ဒီလိုပြောတဲ့အခါမှာ မီဒီယာတစ်ခုကို ကျွန်တော်တို့က နာမည်တပ်ပြီး ပြောတာမဟုတ်ပါဘူး။ မီဒီယာလို့ပြောရင် အားလုံးပါပါတယ်။ ကျွန်တော်တို့ KIO မှာတော့ Kachinnet ကျွန်တော်တို့ဝက်ဘ်ဆိုက်ရှိပါတယ်။ လိုင်ဇာ FM အသံလွှင့်အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့သတင်းဌာန ကျွန်တော်တို့ မီဒီယာတွေကိုလည်းပြောပါတယ်။ ကိုယ့်ဘက်က အသုံးအနှုန်းတွေ၊ လွဲမှားတဲ့အယူအဆတွေ ကျွန်တော်တို့လည်း သတိထားပြီး ညွှန်ကြားနေတာဖြစ်ပါတယ်။ ထို့အတူ အစိုးရမှာလည်း ရှိပါတယ်။ တစ်သီးပုဂ္ဂလအနေနဲ့သော်လည်းကောင်း၊ မိမိတို့ရဲ့ယုံကြည်ရာ၊ မိမိတို့ရဲ့ဝါသနာအရသော်လည်းကောင်း၊ နိုင်ငံ့အကျိုးကို တစ်ဖက် တစ်လမ်းကနေ ဆောင်ရွက်နေတဲ့အတွက်သော်လည်းကောင်း မီဒီယာများရှိပါတယ်။ ဒါကြောင့် ဒီနေရာမှာ မီဒီယာများရဲ့ လွဲမှားစွာဖော်ပြချက်လို့ ပြောတဲ့အခါမှာ အားလုံးကိုခြုံပြီးပြောတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မီဒီယာတွေလည်းပါပါတယ်လို့ ကျွန်တော်ပြောလိုပါတယ်" ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆွေးနွေးပွဲအတွက် ကျေးဇူးတင်စကားပြောရာတွင် ထည့်သွင်းရှင်းလင်းသည်။

UPWC နှင့် KIO တို့၏ တတိယအကြိမ် မြစ်ကြီးနားဆွေးနွေးပွဲတွင် ယခုလအတွင်းထွက်ရှိသော သတင်းစာ၊ ဂျာနယ်အချို့၌ သတင်းများ၊ သတင်းဆောင်းပါးများ၊ အင်တာဗျူးများအကြောင်းကို ထည့်သွင်းဆွေးနွေး ခဲ့ခြင်းဖြစ်ပြီး ထိုသို့ဆွေးနွေးပြီးနောက် ဆွေးနွေးချက်ကို ပူးတွဲထုတ်ပြန်ချက်၌ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

Credit To:Eleven Media Group

KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွား သူများအား တပ်မတော် စစ်ကြောင်းမှ ကယ်တင်၍ မိဘအုပ်ထိန်းသူများ ထံ ပြန်လည်အပ်နှံ

KIA (ကချင်) လက်နက်ကိုင် အဖွဲ့ ၊ တပ်မဟာ(၁) ၊ တပ်ရင်း(၄) မှ အင်အား ၃၀ ဦးခန့်သည် မေလ ၃ ရက် နံနက် ၁၁ နာရီက မြစ်ကြီးနား မှ မေခ - မလိခ မြစ်ဆုံသို့ သွားသော လမ်းကြောင်း ပေါ်ရှိ ဒွန်ဂန်ရွာ အနီးတွင် မောင်ဖြိုးဖြိုး ၂၃ နှစ် (ဘ) ဦးမြင့်လွင် အပါအ၀င် ၅ ဦး ၊ ညနေ ၃ နာရီခွဲတွင် အာလမ်ကျေးရွာ ကချင်ချောင်းသာ (ခေါ်) ရှန်ဂရီလာ အပန်းဖြေ စခန်းမှ မောင်ညီချစ် ၁၇ နှစ် (ဘ) ဦးဖိုးချစ် အပါအ၀င် ၅ ဦး ၊ ည ၁၀ နာရီတွင် အူဗျစ် ကျေးရွာမှ မောင်တူးရိန် ၂၀ နှစ် (ဘ) ဦးဇော်မိုင် အပါအ၀င် ၇ ဦး အားလည်းကောင်း ၊ မေလ ၇ ရက်ည သန်းခေါင်ချိန် တွင် တန်ဖဲ ကျေးရွာ မြစ်ဆုံအနီး အလုပ်သမား နေအိမ်များမှ ၂၇ ဦးအား လည်းကောင်း ၊ မေလ ၈ ရက် ညနေ ၅ နာရီခန့်တွင် ဖုန်အင်ခ ကျေးရွာ အနောက်ဘက် တောတွင်း သစ်ဥသစ်ဖု ရှာဖွေနေသူ ဦးခီးဦးဆာပါ ၄၀ နှစ် (ဘ) ဦးတီးမေကျော် အပါအ၀င် ၃ ဦး ၊ စုစုပေါင်း ၅၇ ဦးတို့အား အသီးသီး ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

အဆိုပါ ဖမ်းဆီး သွားသူများအား ပြန်လည် စေလွှတ်ပေးရေး သက်ဆိုင်ရာ အဖွဲ့အစည်း များမှတစ်ဆင့် အကြောင်းကြား ခဲ့သော်လည်း အချိန်မီ စေလွှတ် ပေးခြင်းမရှိ၍ နယ်မြေခံ တပ်မတော် စစ်ကြောင်းများဖြင့် ရှင်းလင်း ရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ တီယန်ဇွတ် ကျေးရွာအနီး ပလောင်ရွာမှ မောင်ဖြိုးဖြိုး အပါအ၀င် ၁၂ ဦး ၊ အီဂျစ်ရွာ အနောက်တောင်ဘက် တောတွင်း တစ်နေရာမှ ၂ ဦး ၊ မြစ်ဆုံ ကျေးရွာ အနောက်ဘက် တောတွင်း တစ်နေရာမှ ၄ ဦး ၊ စုစုပေါင်း ၁၈ ဦးအား ပြန်လည် ရှာဖွေ ကယ်ဆယ် နိုင်ခဲ့ပြီး မေလ ၁၂ ရက် နံနက် ၁၀ နာရီခွဲတွင် မြစ်ဆုံ စည်ပင်သာယာ ရိပ်သာ၌ သက်ဆိုင်ရာ မိဘ အုပ်ထိန်းသူ များထံသို့ ကောင်းမွန်စွာ ပြန်လည် အပ်နှံ ပေးခဲ့သည်။

ဖမ်းဆီး ခံရသူများ အနက် ပြန်လည် လွတ်မြောက်ရန် ကျန်သူ ၃၉ ဦးရှိရာ ၄င်းတို့အထိ တွင် ပညာသင်ကြား နေဆဲ ၄ ဦး ၊ အမျိုးသမီးငယ် ၄ ဦး ပါဝင်ကြောင်း နှင့် ကျန်ရှိသူ အားလုံးအား အန္တရာယ် မပြုရန် အမြန်ဆုံး ပြန်လည် စေလွှတ်ပေး နိုင်ရေးအတွက် ဒေသခံ များမှ နိုင်ငံတော် အစိုးရနှင့် ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်ရုံး အပါအ၀င် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်း များသို့ အကူအညီ တောင်းခံစာများ ပေးပို့ ထားကြောင်း သိရှိရပြီး နယ်မြေခံ တပ်မတော် စစ်ကြောင်း များမှလည်း ရှာဖွေရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

(KIA (ကချင်) လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သွားရာမှ
ပြန်လည် လွတ်မြောက် လာသူများအား တွေ့ရစဉ်)

“သမ္မတကြီးပြောသလို ဒို့တိုင်းရင်းသားတွေကလည်း ခွဲထွက်ရေးကို မတောင်းဆိုပါဘူး”

မေ ၁၃ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ပြုလုပ်ခဲ့တဲ့ မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ KIO ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT တာဝန်ခံ ဦးနိုင်ဟံသာ ကို မြစ်ကြီးနား KNG ကချင်သတင်းဌာန သတင်းထောက် ဂျိန်းဖော့လာ မှ မေးမြန်းထားတယ်။

မေး။ ဒီအစည်းအဝေးမှာ NCCT ကို ဖိတ်တဲ့အပေါ် ဆရာ့ အမြင်လေးပြောပါအုံး။
ဖြေ။ ဒို့ NCCT ကို ဖိတ်တာက အခြေအနေတွေကို နားလည်ဖို့ပါ။ နောက် NCCT ဆိုတာကတော့ အစိုးရကိုယ်စားလှယ်နဲ့ တိုက်ရိုက်ညှိနှိုင်းနေတဲ့ အဖွဲ့ဖြစ်တယ်။ အခြေအနေတွေကို နားလည်ပြီးတော့ NCCT နဲ့ UPWC တို့ဆွေးနွေးတဲ့အခါကျရင် အထောက်အကူဖြစ်ဖို့ပါ။ ပြီးတော့ NCCT နဲ့ UPWC တို့ အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးနေတဲ့ ကြားမှာ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ KIA/ KIO ဖြစ်တဲ့ ပြဿနာကို ခေါ်ပြီးတော့ လက်တွေ့ နားလည်သွားအောင် အကဲခတ်တာပါ။

မေး။ တိုင်းရင်းသားတွေ အဓိကတောင်းဆိုနေတာက ဖက်ဒရယ်ပါ။ သို့သော် အစိုးရရဲ့ မူကြမ်းမှာ ‘ဖက်ဒရယ်’ ဆိုတဲ့ အခေါ်အဝေါ်ကို မသုံးထားတာတွေ့ရတယ်။ ဆက်လက်ဆွေးနွေးဖို့လိုပါသေးလား။
ဖြေ။ ဒို့နိုင်ငံရဲ့အနေအထားကတော့ ‘ဖက်ဒရယ်’ ဆိုတဲ့ မူကို လက်မခံရင် တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်ရေးကို ဘယ်လိုမှ မတည်ဆောက်နိုင်ဘူး။ အခုဖြစ်ပေါ်နေတဲ့ ပြဿနာကိုလည်း ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အဲ့ဒီထဲမှာလည်း သမ္မတကိုယ်တိုင် ပါဝင်ပြီးတော့ လွှတ်တော်ထဲမှာလည်း ဖက်ဒရယ်ကို ပြောလာနေပြီ။ အဲ့လိုအနေအထားမှာ တပ်မတော်ဘက်က လက်မခံဘူးဆိုတော့ နည်းနည်းအောက်အီးသွားနိုင်တဲ့ အနေအထားမျိုးပါ။ တဖက်ကပြောမယ်ဆိုတော့ တပ်မတော်ဘက်က အခုထိပဲ ဆန့်ကျင်နေတာလား။ အစိုးရထဲမှာ တပ်မတော်ပိုင်းက ဆန့်ကျင်နေရင် သူတို့က အများကြီးရှင်းဖို့တော့လိုတယ်။ ဒို့တိုင်းရင်းသားဘက်က လက်ခံထားတာကတော့ ဒီအခွင့်အရေးမရဘူး ဆိုရင်တော့ လုံးဝလက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီအခွင့်အရေးမျိုးမရဘူးဆို ရေရှည်မှာ ဒို့တိုင်းရင်းသားတွေကို ၀ါးမျိုသွားနိုင်တယ်။ သမ္မတကြီးပြောသလို ဒို့တိုင်းရင်းသားတွေကလည်း ခွဲထွက်ရေးကို မတောင်းဆိုပါဘူး။ ရသင့်ရထိုက်တဲ့ အနည်းဆုံးအခွင့်အရေး၊ ဒို့လူမျိုးတွေမပျောက်ကွယ်သွားအောင် တောင်းဆိုနေတာပါ။

မေး။ အပစ်အခတ်ရပ်စဲရေးအတွက် NCCT အနေဖြင့် အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ကြားပြီးတော့ နောက်အကန့််အသတ်မရှိ မဟုတ်ဘူးလို့ ဆရာတို့ဘက်ကထုတ်ပြန်တာတွေရှိတယ်။ ဒီအပေါ်ရှင်းပြပေးပါအုံး။
ဖြေ။ အကန့်အသတ်မရှိလို့ ရွှေ့ဆိုင်းလိုက်တာမဟုတ်ပါဘူး။ မီဒီယာက လွဲမှားတဲ့ ဝေါ်ဟာရကို သုံးလိုက်လို့ပါ။ အမှန်တကယ်တော့ ကျွန်တော်တို့ဖြေတာက အချိန်ကတော့ ရွှေ့ဆိုင်းလိုက်တယ်။ ဘယ်တော့ပြန်တွေ့မလဲ ဆိုတာကို မသိသေးဘူးလို့ ဖြေလိုက်တာကို သူတို့ဘက်က အဓိပ္ပါယ်နည်းနည်းလွဲမှားဖော်ပြလိုက်တာပါ။

မေး။ ဗိုလ်ချုပ်ဂွန်မော် အမေရိကားသွားတဲ့ အပေါ်တိုင်းရင်းသားတွေအတွက် အကျိုးသက်ရောက်ဖို့ရှိလည်း။ ဘယ်လိုသုံးသပ်မိပါသလဲ။
ဖြေ။ ကောင်းတဲ့ ဘက်ကိုဖြစ်စေတဲ့ သဘောကို သက်ရောက်ပါတယ်။ သူတို့အနေဖြင့် ကြားကနေ ဖိအားပေးတယ်၊ ညှိနှိုင်းပေးလိုက်တဲ့ သဘောပါ။ ကနေ့အနေထားက လေ့လာသူတွေ၊ အသိသက်သေတွေ၊ စောင့်ကြည့်သူတွေ၊ အကဲခတ်သူတွေ လုံးဝမပါဘဲနဲ့ တို့နှစ်ဖက်တည်းဆိုရင် စိတ်မချရဘူး။ ထို့ကြောင့် နိုင်ငံတကာက ပါဝင်ပြီးတော့ အကဲခတ်တာကလည်း အင်မတန်မှ ကောင်းပါတယ်။ အခု အမေရိကန်ခေါ်တာကလည်း ဒီသဘောပါပဲ။

မေး။ အမေရိကန်အနေဖြင့် လက်ရှိမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ ဘယ်လိုအခွင့်အလမ်းတွေရှိလဲ။ ပါဝင်ဖို့ ဖြစ်နိုင်ခြေရှိလား။
ဖြေ။ ကနေ့ ကျွန်တော်တို့ ဖိတ်နေတဲ့ အနေအထားအရကတော့ UN ကိုဖိတ်တယ်။ တရုတ်ကိုလည်းဖိတ်တယ်။ ဒီလိုပဲ သူတို့ကိုပါ ဖိတ်ရင်တော့ ပါဝင်လာမှာပါ။ သူတို့ဖက်က ပါဝင်ချင်တဲ့ စိတ်တွေလည်းရှိတယ်။ တို့ကလဲ ပွဲကြီးတွေမှာတော့ ဖိတ်ဖို့ ရည်ရွယ်ထားပါတယ်။ အမေရိကန်ကိုရော၊ UK ကိုရော၊ Japan ကိုရော ဖိတ်ဖို့ ရှိပါတယ်။

မေး။ ဒီအပေါ်မှာ အစိုးရအနေဖြင့် လက်ခံနိုင်မယ်လို့ထင်လား။
ဖြေ။ ပြီးခဲ့တဲ့ ပွဲတွေမှာ အပြင်ပိုင်းညှိနှိုင်းမှုရပါတယ်။ အစိုးရဘက်ကလည်း လက်ခံတယ်။
မေး။ အခုအစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ အာဏာအပြည့်အ၀ရရှိထားတဲ့ ဗိုလ်ချုပ်မြင့်စိုး မတက်ရောက်တဲ့ အပေါ် ဒီအစည်းအဝေးဘယ်လောက်အောင်မြင်မှုရှိနိုင်မလဲ။
ဖြေ။ ဒါကတော့ မပြောတတ်သေးဘူး။ ဗိုလ်ချုပ်မြင့်စိုးမလာတာကတော့ အခု ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တပြည်လုံးအရေးမဟုတ်လို့မလာတာလားတော့ မပြောတတ်ဘူး။ အခြေအနေမှန်ကိုတော့ တို့လည်း မသိသေးဘူး။

burmese.kachinnews.com

KIA မှ လူသစ်မလုပ်လိုသော လီဆူးတိုင်းရင်း သားများအား ဖမ်းဆီးသတ်ဖြတ်

ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်နှစ်ဦး အပါအ၀င် KIA ဖမ်းဆီးထားသူ များထဲမှ ၁၈ ဦး မေ ၁၂ ရက်နေ့တွင် ပြန်လည် လွတ်မြောက်ခဲ့ပြီး ၎င်းတို့အား KIA မှ ဖမ်းဆီးခေါ်ဆောင်သွားစဉ် လီဆူးတိုင်းရင်းသား တစ်ဦးအား KIA အဖွဲ့မှ ပစ်ခတ်သတ်ဖြတ် ခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသူများထံမှ သိရသည်။

``ကျွန်တော်တို့ကို လက်ပြန်ကြိုးတုပ်ပြီး တောထဲကို ခေါ်သွားတယ်၊ ကျိန်ခရမ်ရွာကို ရောက်တော့ စီးဆန်းစတားကုမ္ပဏီ ဒါရိုက်တာ ဦးခမိုင်တန်ရဲ့ အိမ်ပေါ်မှာ ရောက်နေတဲ့ လူနှစ်ယောက်ကို KIA က ဖမ်းတယ်။ အထက်မော်ဖောင်းကျေးရွာက လီဆူးတွေလို့ ပြောသံကြားတယ်။ ပြီးတော့ အဲဒီလူ နှစ်ယောက်ကို ကြိုးတုပ်တဲ့အချိန် တစ်ယောက်က ထွက်ပြေးတယ်၊ ထွက်ပြေးတဲ့လူကို သေနတ်နဲ့ နှစ်ချက် လှမ်းပစ်တာ မြင်လိုက်တယ်´´ ဟု ကိုယ်တွေ့ကြုံခဲ့သော တီယန်ဇွတ်ရွာသား တစ်ဦးက ပြောသည်။

လက်ရှိ KIA ဖမ်းဆီးထားသူများမှာ ၀န်ထမ်းနှစ်ဦးအပါအ၀င် ၁၈ ယောက်သာ ပြန်လွှတ်ပေးသဖြင့် KIA လက်ထဲတွင် ၃၂ ဦးခန့် ကျန်ရှိနေသေးကြောင်းနှင့် ပြန်လွှတ်ပေးရန် တောင်းဆိုမှုအပေါ် တာဝန်ယူဖြေရှင်းပေးခြင်း မရှိသေးကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။

``သေနတ်မှန်လို့ အဲဒီလူ လဲကျသွားတာမြင်တယ်၊ ပြီးတော့ KIA တပ်ဖွဲ့ဝင်တွေက သူ့အလောင်းကို ကျင်းတူးပြီး မြှုပ်လိုက်ကြတယ်၊ ကျွန်တော်တို့ကိုလည်း ထွက်ပြေးရင် အဲဒီလို ပစ်သတ်ခံရမယ်လို့ ခြိမ်းခြောက်တယ်´´ ဟု ယင်းရွာသား က ဆက်လက်ပြောကြားသွားသည်။

ပြန်လည်လွတ်မြောက်လာသူများမှာ KIA ဘက်မှ တစ်စုတစ်စည်းတည်း လွှတ်ပေးခြင်းမျိုးမဟုတ်ပဲ မြစ်ဆုံမြောက်ဘက်ရှိ တီယန်ဇွတ်ကျေးရွာတွင် လွတ်မြောက်လာသူများအား အစိုးရတပ်မှ စုဆောင်းထားပြီး မေ ၁၂ ရက် နံနက် ၁၀ နာရီခန့်တွင် မြစ်ဆုံအနီးရှိ ဒေသခံ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

KIA မှ မြစ်ဆုံတန်ဖဲကျေးရွာဟောင်းရှိ ဈေးဆိုင်တန်းများနှင့် အနီးတစ်ဝိုက်ရှိ အရပ်သား ၃၂ ဦးအား မေ ၇ ရက် ညပိုင်းတွင် လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းနှစ်ဦးအား ကချင်ချောင်းသာသို့ အပန်းဖြေသွားစဉ် ဒွန်ဂမ်နှင့် လုံဂါဇွပ်ရွာကြား၌ လည်းကောင်း ဖမ်းဆီးသွားခြင်းဖြစ်ပြီး ၁၈ ဦးသာ ပြန်လွှတ်ပေးသည့်အတွက် ကျန်ရှိနေသော ဒေသခံ များကိုလည်း ပြန်လွှတ်ပေးရန် တောင်းဆိုသွား မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသွား သည်။

ခွန်နော်

အစိုးရနှင့် ကေအိုင်အို တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ မပါဝင်သော်လည်း ဆွေးနွေးပွဲ အောင်မြင်ဟု ပြောကြား

အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တွေ့ဆုံဆွေးနွေးခဲ့သော မြစ်ကြီးနားမြို့ ဆွေးနွေးပွဲတွင် အစိုးရ စစ်တပ်ဘက်မှ ထိပ်ပိုင်းခေါင်းဆောင်များ မပါဝင်သော်လည်း ဆွေးနွေးပွဲမှာနှောင့်နှေးမှု မရှိဘဲ အောင်မြင်ခဲ့သည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု-က္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မေ ၁၃ ရက်ဆွေးနွေးပွဲအပြီးတွင် မီဒီယာများကို ပြောကြားသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဂျွယ်ခန်းမတွင် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် စစ်တပ်ဘက်မှ ထိပ်ပိုင်းခေါင်း ဆောင်များ ပါဝင်မှုမရှိခြင်းကို မီဒီယာများက မေးခွန်းထုတ်ရာတွင် ၀န်ကြီး ဦးအောင်မင်းက ယင်းသို့ပြော ကြားလိုက်ခြင်းဖြစ်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် တက်ရောက်သည့်အတွက် အဆင် ပြေသည်ဟုလည်း ဆိုသည်။
ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်မှုမရှိသည့်အတွက် တပ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များ နှောင့်နှေးမှုရှိနိုင်၊ မရှိ နိုင်နှင့် ပတ်သက်ပြီး မဇ်္ဈိမက မေးမြန်းရာ ၀န်ကြီး ဦးအောင်မင်းက မရှိနိုင်ဟုပြောပြီး အမှန်တကယ် ထိ ရောက်သူများ ပါသည့်အတွက် ဆွေးနွေးပွဲ တစ်ရက်တည်းနှင့်ပင် ပြီးပြတ်ခဲ့သည်ဟု ဆိုသည်။

စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ မတက်ရောက်ခြင်းနှင့် ပတ်သက်၍ ဦးအောင်မင်းက “ဒီဆွေးနွေးပွဲ ဖြစ် ဖို့က အချိန်တိုအတွင်းမှာ စီစဉ်လိုက်ရတာ။ တကယ်တော့ ဒီမှာ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း ပါလာသင့်တာ ပေါ့။ အခု သူတို့ နိုင်ငံခြားသွားနေတယ်။ ကျွန်တော်တို့က ကပ်ပြီးစီစဉ်ရတော့ ရှိတဲ့သူနဲ့ ထွက်လာရတယ်။ သို့သော်လည်း ဒီမှာ တိုင်းမှူးကြီးကိုယ်တိုင် ပါတယ်။ နယ်မြေအဆုံးအဖြတ်က တိုင်းမှူးကိုယ်တိုင် လုပ်တာ ပါ။ ဒါကြောင့် အဆင်ပြေပါတယ်” ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများနှင့် ပတ်သက်၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ် ချုပ်ထွန်းထွန်းနောင်က “တပ်နေရာ ချထားရေး မပြောရသေးဘူး။ ထိတွေ့မှု နည်းပါးမှု လျော့ချရေးပဲ ပြော တယ်။ အရင်လုပ်ရမှာက အပစ်အခတ် လျော့နည်းရေး ပါပဲ” ဟုဆိုသည်။

တပ်မတော်ဘက်က တက်ရောက်လာသူများနှင့် ပတ်သက်ပြီး ကေအိုင်အေ တပ်မဟာ ၁ မှ ဒုတိယ ဗိုလ် မှူးကြီး ဆင်းခေါက “ကျွန်တော်တို့ အနေနဲ့ အစိုးရတက်တယ်။ တပ်မတော်က တက်တယ် ဆိုပြီးတော့မှ အဲလို မယူဆချင်ပါဘူး။ နိုင်ငံတော်အစိုးရဘက်က တာဝန်ပေးလိုက်တဲ့ ဆွေးနွေးရေးအဖွဲ့တွေ တက်တယ် လို့ပဲ မျှော်လင့်ပါတယ်” ဟုဆိုသည်။
ဆွေးနွေးပွဲတွင် စစ်တပ်ဘက် ကချင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် နှင့် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင် တို့တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲကို မေ ၁၃ ရက် နံနက် ၉နာရီခန့်က စခဲ့ပြီး ညနေ ၄ နာရီကျော်တွင် ပြီးဆုံးခဲ့ကာ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့ရန် သဘောတူညီခဲ့သည်။

Credit To : Mizzima - News in Burmese

Tuesday, May 13, 2014

ပူးတွဲအပစ်အခတ်စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန် ၀န်ကြီး ဦးအောင်မင်း တိုက်တွန်း

မြစ်ကြီးနား၊ မဇ္ဈိမ။ ။ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UWPC) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်ဖက် ပူးတွဲ အပစ်အခတ် စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းရန် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက တိုက်တွန်း ပြောကြားလိုက်သည်။

ဝန်ကြီးက မေ ၁၃ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းတွင် ပြုလုပ်သည့် အစိုးရနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပူးတွဲ အပစ်အခတ် စောင့်ကြည့်ရေး အဖွဲ့ကို အစပျိုး Pilot Project အနေဖြင့် အကောင်အထည် ဖော်ရန်နှင့် အချို့ဒုက္ခသည်များ နေထိုင်ရာ
ရွာများကို ဆန္ဒအလျောက် ပြန်လည် အခြေချနိုင်အောင် အစပျိုး Pilot Projectများ စရန် စသည့် သဘောတူထားသည့် အချက်များကို အကောင်အထည် ဖော်နိုင်ရန် တိုက်တွန်း ပြောကြားလိုက်သည်။

ဦးအောင်မင်းက “ ဒီအစည်းအဝေးကနေပြီး နှစ်ဖက်အကြားမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခ အရှိန်အဟုန်ကို လျော့ချနိုင်ဖို့ ရည်ရွယ်ပါတယ်။ ယခင်က သဘောတူညီခဲ့တဲ့ အချက်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ ရည်မှန်းပါတယ်" ဟုဆိုသည်။

အစိုးရနှင့် ကေအိုင်အေကြား တိုက်ပွဲများဖြစ်ပွားခြင်းမှာ နှစ်ဖက် ယုံကြည်မှု အားနည်းခြင်းကြောင့်ဖြစ်ပြီး လက်ရှိ အခြေအနေတွင် အစိုးရနှင့် ကေအိုင်အိုတို့ကြား အပစ်အခတ် ရပ်စဲရေး လုပ်နိုင်ရန်မှာ အရေးကြီးဆုံးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

တိုက်ပွဲများပြန်လည် ဖြစ်ပွားနေခြင်းနှင့် ပတ်သက်ပြီး ကေအိုင်အို ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်ကလည်း သဘောတူညီချက်များကို နှစ်ဦးနှစ်ဖက်က တာဝန်ယူ ထိန်းသိမ်းမှု အားနည်းသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

ဦးအောင်မင်း ယခုတိုက်တွန်းခဲ့သည့် ပူးတွဲအပစ်အခတ်စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန်ကိစ္စသည် ၂၀၁၃ခုနှစ်ကတည်းက အစိုးရနှင့် ကေအိုင်အိုတို့ သဘောတူညီခဲ့သည့် အချက် ၇ချက်တွင် ပါဝင်ပြီးဖြစ်သော်လည်း အကောင်အထည် မဖော်နိုင်သေးခြင်းဖြစ်သည်။

၂၀၁၃ခုနှစ် မေလနှင့် အောက်တိုဘာလက သဘောတူညီခဲ့သည့် အချက် ၇ ချက်တွင် KIO ၏ Technical Team(နည်းပညာအထောက်အကူပြု အလုပ်အဖွဲ့ရုံး) ဖွင့်လစ်ရေး ဟူသော အချက်တချက်ကိုသာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ ကျန်ရှိသော အချက် ၆ ချက် ဖြစ်သည့် စစ်ရှိန်လျော့ရေး၊ Joint Monitoring၊ ကချင်စစ်ပြေး ဒုက္ခသည်များ ပြည်လည်နေရာချထားရေး၊ နိုင်ငံရေးဆွေးနွေးသွားရေးဟူသော အချက်များ ဆက်လက် အကောင်အထည်ဖော်ရန်တို့
လိုအပ်နေသေးသည်။

မေလ ၁၃ရက် မြစ်ကြီးနားဆွေးနွေးပွဲတွင် စစ်တပ်ဘက်က ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်ခြင်းမရှိဘဲ ကချင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ် ထွန်းထွန်းနောင်တို့သာ တက်ရောက်ကြသည်။

တပ်မတော်ဘက်က တက်ရောက်လာသူများနှင့်ပတ်သက်ပြီး ကေအိုင်အေ တပ်မဟာ ၁ မှ ဒုတိယ ဗိုလ်မှုးကြီး ဆင်းခေါက “ ကျွန်တော်တို့ အနေနဲ့ အစိုးရတက်တယ်။ တပ်မတော်က တက်တယ် ဆိုပြီးတော့မှ အဲလို မယူဆ ချင်ပါဘူး။ နိုင်ငံတော် အစိုးရဘက်က တာဝန်ပေးလိုက်တဲ့ ဆွေးနွေးရေးအဖွဲ့တွေ တက်တယ်လို့ပဲ မျှော်လင့်
ပါတယ်“ ဟုဆိုသည်။

မြစ်ကြီးနား ဆွေးနွေးပွဲသို့ အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်ပြီး ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ဦးခင်ရီ၊ ဦးခင်မောင်စိုး ၊ ကချင်ပြည်နယ် ၀န်ကြီးချုပ် အစရှိသည့် တာဝန်ရှိသူများ၊
ကေအိုင်အိုဘက်မှ အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် အပါအ၀င် တာဝန် ရှိသူများ တက်ရောက်သည်။

အစည်းအဝေးသို့ တက်ရောက် လေ့လ့ာသူများ အဖြစ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ရုံးမှ ကိုယ်စားလှယ် ၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် ၊ တိုင်းရင်းသား အဖွဲ့များဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNFC)၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲဆိုင်ရာ ညှိနှိုင်း
ရေးအဖွဲ့(NCCT)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP) တို့လည်း တက်ရောက်ခဲ့သည်။

Mizzima

မြစ်ကြီးနားဆွေးနွေးပွဲအပြီး ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့ရန် သဘောတူ

ရန်ကုန်၊ မဇ္ဈိမ။ ။ အစိုးရနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့တို့ ဆွေးနွေးပွဲအပြီးတွင် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းရန် 
သဘောတူညီလိုက်သည်ဟု နှစ်ဖက်အဖွဲ့၏ မေလ ၁၃ရက် ညနေက ထုတ်ပြန်လိုက်သည့် ပူးတွဲကြေငြာချက်တွင် ဖော်ပြထားသည်။ 

အဖွဲ့နှစ်ဖွဲ့၏ ပူးတွဲကြေငြာချက် အချက်ငါးချက်တွင် ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ ဖွဲ့ရန်အပြင်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေသည့် 
ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရန် ဦးစားပေး ဆွေးနွေးခဲ့ကြောင်းနှင့် နောက်တစ်ကြိမ် အစည်းအဝေး ထပ်မံကျင်းပရန် ညှိနှိုင်းဆောင်ရွက်ရန်လည်း 
သဘောတူခဲ့သည်ဟု ပါဝင်သည်။ 

အစိုးရနှင့် ကေအိုင်အိုတို့သည် မေလ ၁၃ရက် နံနက် ၉နာရီမှ စတင်ကာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူ မနောကွင်းရှိ မဂျွယ်ခန်းမတွင်
ကချင်ပြည်နယ်အတွင်းတိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ယင်းအပြင် ၂၀၁၃ခုနှစ် မေလနှင့် အောက်တိုဘာလက
တွေ့ဆုံမှုနောက်ပိုင်း ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များကိုလည်း ပွင့်လင်းစွာ ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။ 

ဆွေးနွေးပွဲ မစတင်မီ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်းက ပူးတွဲ အပစ်အခတ် စောင့်ကြည့်ရေး အဖွဲ့ကို အစပျိုး Pilot Project အနေဖြင့် အကောင်အထည် ဖော်ရန်နှင့် အချို့ဒုက္ခသည်များ နေထိုင်ရာ ရွာများကို ဆန္ဒအလျောက် ပြန်လည် အခြေချနိုင်ရန် အစပျိုး Pilot Projectများ စရန် တိုက်တွန်းပြောကြားခဲ့သည်။ 

မြစ်ကြီးနား ဆွေးနွေးပွဲသို့ အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်ပြီး ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ဦးခင်ရီ၊ ဦးခင်မောင်စိုး ၊ ကချင်ပြည်နယ် ၀န်ကြီးချုပ် အစရှိသည့် တာဝန်ရှိသူများ၊ ကေအိုင်အိုဘက်မှ အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် အပါအ၀င် တာဝန် ရှိသူများ တက်ရောက်သည်။

အစည်းအဝေးသို့ တက်ရောက် လေ့လ့ာသူများ အဖြစ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ရုံးမှ ကိုယ်စားလှယ် ၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် ၊ တိုင်းရင်းသား အဖွဲ့များဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNFC)၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP) တို့လည်း တက်ရောက်ခဲ့သည်။

Mizzima

ကေအိုင်အိုနှင့် အစိုးရ အချက် ၅ ချက် ဆွေးနွေးသဘောတူ

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့အကြား ဒီကနေ့ တွေ့ဆုံဆွေးနွေးရာမှာ အချက် ၅ ချက်ကို သဘော တူညီခဲ့ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ အဓိက အချက် ၂ ချက်ဖြစ်တဲ့ ၂၀၁၃ အောက်တိုဘာနောက်ပိုင်း မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေနဲ့ ပြီးခဲ့တဲ့နှစ်က နှစ်ဖက်အကြား သဘောတူညီထားတဲ့အချက်တွေ ကို ပြန်လည်ဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲအပြီးမှာတော့ အချက် ၅ ချက်ပါတဲ့ ထုတ်ပြန်ချက်ကိုပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်မှာတော့ မနှစ်အောက်တိုဘာ လ မြစ်ကြီးနားမြို့ တွေ့ဆုံပွဲတုန်းက သဘောတူခဲ့တဲ့ ထိတွေ့ရင်ဆိုင်မှုတွေ ချုပ်ငြိမ်းရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီဖွဲ့စည်းဖို့ ကိစ္စအပါအ၀င် အချက် ၅ ချက်ကို သဘောတူ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီအချက်တွေနဲ့ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“မူအားဖြင့် ၁ က တော့ အစည်းအဝေး လုပ်ခဲ့တယ်။ အဓိက အချက် ၂ ချက်ကို ဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ရေးကို ဦးတည်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဟန့်တားစေတဲ့ ဖြစ်ရပ်တွေ ထပ်မဖြစ်ဖို့ ဦးစားပေး ဆွေးနွေးတယ်။ နံပါတ် ၃ ကတော့ ၂၀၁၃ အောက်တိုဘာ ၁၀ ရက်နေ့ သဘောတူညီချက်ထဲမှာပါတဲ့ ပူးတွဲစောင့်ကြည့်ရေးကော်မတီဖွဲ့စည်းရေး ပထမအဆင့်အနေနဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းဖို့ သဘောတူတယ်။ ၄ ကတော့ နှစ်ဦးနှစ်ဖက် နားလည်မှုများကို ပျက်ပြားစေသည့် မီဒီယာများ၏ လွဲမှားစွာ ရေးသားဖော်ပြမှုများကို ဆွေးနွေးခဲ့ကြတယ်။ ဒါကတော့ ဆွေးနွေးချက်တခုအနေနဲ့ ထည့်ထားပါတယ်။ နံပါတ် ၅ ကတော့ နောက်တကြိမ်အစည်းအဝေးကျင်းပဖို့အတွက် နှစ်ဖက်ကိုယ်စားလှယ်များ ညှိနှိုင်းဆောင်ရွက်ကြမည်ဆိုတော့ နောက်တကြိမ် အစည်းအဝေးရှိနေတယ်ဆိုတဲ့သဘောပါ။”

ဒီဆွေးနွေးပွဲမှာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း အဖွဲ့ကပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအ၀င်၊ ၀န်ကြီး ၅ ဦးတက်ရောက်ခဲ့ပြီး ကေအိုင်အိုဘက်ကတော့ ဦးဆွမ်လွတ်ဂမ်ဦးဆောင်တဲ့ ကေအိုင်အိုအဖွဲ့တို့ ဆွေးနွေးကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲအတွင်း အစိုးရတပ်အရာရှိတွေအပါအ၀င် လွှတ်တော်ကိုယ်စား လှယ်တွေ၊ ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လေ့လာစောင့်ကြည်သူတွေ တက်ရောက်ခဲ့ပါတယ်။

DVB TV News

လူဖမ်းကောင်းတဲ့ KIA

၂၀၁၃ ခုနှစ် အောက်တိုဘာလတုန်းက မြစ်ကြီးနားမှာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့ တွေ့ဆုံပြီး သဘောတူညီချက် ထုတ်ပြန်ခဲ့ ပါတယ်။ အဲဒီ သဘောတူညီချက်ထဲမှာ ``ကာယကံရှင်၏ ဆန္ဒ မပါဘဲ တပ်ဖွဲ့ဝင်အဖြစ် အဓမ္မသွတ်သွင်းခြင်း မပြုလုပ်ရန်´´ ဆိုတဲ့ အချက်တစ်ချက်ပါဝင်ခဲ့ပါတယ်။
အဲဒီသဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေ တာ၊ ယနေ့ ကချင်ပြည်နယ်ကို တရုတ်လက်ထဲထိုးအပ်ဖို့၊ ၀မ်ပေါင် နိုင်ငံထူထောင်ဖို့၊ ကချင်ပြည်နယ်ကို စစ်မီးလျှံတွေဆက်ပြီး တောက်လောင်နေစေဖို့ အရှက်သိက္ခာမဲ့စွာ လုပ်နေတဲ့ KIA ဟာ နောက်ထပ် ဂုဏ်ပုဒ်တစ်ခု ထပ်တိုးသွားပြန်ပါပြီ။ 

လူဖမ်းကောင်းတဲ့ KIA တဲ့… အဲဒီလို ဂုဏ်ပုဒ်ဖြစ်လာဖို့ကလည်း KIA အနေနဲ့ မနည်းကြီးစားရုန်းကန်းခဲ့ရတာ ဖြစ်ပါတယ်။ ဒေသခံရွာသူရွာသားတွေကို ဖမ်းတယ်၊ ပယင်းမှော်က အလုပ်သမားတွေကို ဖမ်းတယ်၊ မေခမြစ်တစ်ဖက် ကမ်း ရွှေမှော် တွေက ရွှေကျင်သူတွေကို ဖမ်းတယ်။ ဆိုင်ကယ်ကယ်ရီ သမားတွေ ကိုလည်း ဖမ်းတယ်၊ လယ်စိုက်နေတဲ့ အမျိုးသမီးတွေကို လည်း ဖမ်းတယ်။ 

အရွယ်မရောက်သေးတဲ့ ကျောင်းသားတွေကိုဖမ်းတယ်၊ အခုအစိုးရ ၀န်ထမ်းတွေကိုပါ ဖမ်းလာပြီ။ KIA ဖမ်းတဲ့အထဲမှာ ကချင်၊ ရှမ်း၊ ဗမာ၊ လီဆူး၊ ရ၀မ်၊ ပလောင်၊ ရခိုင်တွေ အားလုံး ပါဝင်ပါတယ်။KIA ဖမ်းဆီးခံ ရလို့ ပူဆွေးသောက ရောက်နေတဲ့ မိဘတွေရဲ့ မျက်ရည်တွေ ဟာ ပင်လယ်ကြီးထက်မက များချင်များမယ်။ KIA ကတော့ ဖမ်းထားတဲ့ လူတွေကို မလွှတ်သလို ထပ်ပြီးတော့လည်း ဖမ်းနေဆဲပဲဖြစ်ပါတယ်။ စာရင်းဇယား အတိအကျနဲ့ ပြောရရင် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလကနေ မေလ ၈ ရက်နေ့အထိ KIA ဖမ်းထားတဲ့ လူဦးရေ စုစုပေါင်းဟာ(၁၈၁)ယောက် ရှိသွားပြီလို့ သိရပါတယ်။

အဲ့ဒီလို ဖမ်းဆီးခံရတဲ့ လူငယ်တွေ၊ လူကြီးတွေ၊ အမျိုးသမီးငယ်တွေရဲ့ မိဘဆွေမျိုးအသိုင်းအ၀ိုင်းနဲ့ တာဝန်ရှိအဖွဲ့အစည်း တွေက KIA Technical Advisory Team(TAT)အဖွဲ့က လနန်တို့ ဒေါင်းခါးတို့ကို ပြန်လွှတ်ပေးဖို့ ဆက်သွယ်တောင်းဆို ကြပါတယ်။ TAT ကိုယ်စားလှယ်တွေရဲ့ မပြောင်းလဲတဲ့စကားကတော့ မသိသေးပါ၊ မကြားရသေးပါ။ သတင်းပို့တာ မရှိပါ၊ ဆက်သွယ်ပေးထားပါတယ်ဆိုတဲ့ အကြောင်းပြန်ကြားချက်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီ၊ မန်ဝိန်းကြီးနဲ့ နမ့်ခမ်း ဘက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကိုကျတော့ ချက်ချင်းသိ၊ သိတာနဲ့ အရင်ဦးအောင် Internet ပေါ်တင်၊ သူတို့ပထွေးတော် ထားတဲ့ UN ကို သတင်းပို့၊ ကိုယ်ကျူးလွန်တဲ့အပြစ်ကိုကျတော့ ရူးချင်ယောင်ဆောင်တာဟာ KIA ရဲ့ ပရိယာယ်လို့ ဆိုရ ပါမယ်။

KIA ရဲ့ လုပ်ရပ်တွေကိုသိနေတဲ့ စစ်တပ်က ပြည်နယ်ထွေ အုပ်ရုံးဝန်ထမ်းနှစ်ဦး အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ပြန်မလွှတ် ရင် အင်အားသုံးမယ်လို့ ပြောတော့ KIA ဒုစစ်ဦးစီးချုပ် ဂွမ်မော်ခမျာ အဖေကယ်ပါ၊ အမေကယ်ပါ တစာစာလုပ်ပြီး တရုတ်ပဲ အဖေခေါ်ရမလို၊ အမေရိကန်ဘဲ ပထွေးတော်ရမလို ဖြစ်နေလေရဲ့။ ဒါပေမယ့် အစိုးရက ခွင့်မပြုလို့သာ စစ်တပ်ရဲ့ အင်အား သုံးမှုကို KIA သီသီလေး လွတ်သွားခဲ့ တာ ဖြစ်ပါတယ်။ မေလ ၁၃ ရက်နေ့ မြစ်ကြီးနားမှာ အစိုးရနဲ့ KIA တို့ တွေ့ကြဦးမလို့ ဆိုပါတယ်။ 

ဘာအတွက်လဲ၊ ပြာသလောက်ဖွဲမထွက်တဲ့ တွေ့ဆုံမှုတွေကို ဒေသခံတိုင်းရင်းသားတွေက အယုံအကြည် မရှိ တော့သလို တိုင်းရင်းသားအားလုံးကလည်း KIA ကို အပြစ်ပေးဖို့ တောင်းဆို လိုလားနေကြပြီ။ ဒါဖြင့်ရင် KIA ဘာလုပ်မလဲ၊ အကယ်၍များ ဖမ်းထားတဲ့ လူတွေကို ပြန်လွှတ် မပေးပဲ အစိုးရ MPC နဲ့ လက်ဝါးချင်းရိုက်နေဦးမယ်ဆိုရင် ကချင်မှာ တိုက်ပွဲတွေ ဘယ်တော့မှ အဆုံးသတ်တော့မှာ မဟုတ် ပါဘူး။ ရှင်းရှင်းပြောရရင် KIA ဆိုတာ လူသစ်ဖမ်းတာ ကောင်းရုံကလွဲပြီး ကချင်တိုင်းရင်းသားတွေအတွက် အသုံးမ၀င် သော အဖွဲ့သာ ဖြစ်ပါတယ်။

လုလု(မြစ်ကြီးနား)

KIO နှင့် အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်မီ KIA ဖမ်းဆီးထားသူများထဲမှ အထွေထွေအုပ်ချုပ်ရေး ၀န်ထမ်းနှစ်ဦး အပါအ၀င် ၁၈ ဦး ပြန်လည်လွတ်မြောက်လာ

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတိုင်မီ မေ ၁၂ ရက်တွင် ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၀န်ထမ်းနှစ်ဦးအပါအ၀င် ကေအိုင်အေက ဖမ်းဆီးထားသူများထဲမှ စုစုပေါင်း ၁၈ ဦး ပြန်လည်လွတ်မြောက်လာကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိတစ်ဦးက The Daily Eleven သို့ ပြောကြားသည်။

လက်ရှိ ကေအိုင်အေမှ ဖမ်းဆီးထားသူများမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းနှစ်ဦးအပါအ၀င် အရပ်သား ၅၀ ရှိခဲ့ပြီး ယခုပြန်လည်လွတ်မြောက်လာသူမှာ ၁၈ ဦးဖြစ်သဖြင့် ၃၂ ဦး ကျန်ရှိနေသေးကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိက ပြောကြားသည်။

ထိုသို့ ပြန်လည်လွတ်မြောက်လာသူများမှာ ကေအိုင်အေဘက်မှ တစုတစည်းတည်း လွှတ်ပေးခြင်းမျိုးမဟုတ်ဘဲ မြစ်ဆုံမြောက်ဘက်ရှိ တီယန်ဇွတ်ကျေးရွာတွင် တပ်မတော်မှ လွတ်မြောက်လာသူများအား စုဆောင်းထားပြီး မေ ၁၂ ရက် နံနက်ပိုင်းတွင် မြစ်ဆုံအနီး၌ မိသားစုများထံ လွှဲပြောင်းအပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"တပ်မတော်ကပြန်တောင်းပြီး တီယန်ဇွတ်မှာ လူစုထားတာပေါ့။ ဒီနေ့မှ အားလုံးခေါ်လာတာ။ သူတို့က များသောအားဖြင့် မြစ်ဆုံကအဖွဲ့တွေကိုး။ အဲဒီတော့ မြစ်ဆုံမှာ လူကြီးတွေကို ပြန်အပ်ပေးလိုက်တာ။ ၁၈ ဦးလုံးက ဒီနေ့မှလူစုံတာ။ တီယန်ဇွတ်ကနေ လွတ်ဖို့ကျတော့ လမ်းကမကောင်းဘူး။ အဲဒါကြောင့် တပ်ကပဲ ဦးစီးခေါ်လာပြီး ပြန်လွှတ်ပေးလိုက်တာ" ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိက ပြောကြားသည်။

မေ ၇ ရက် ညပိုင်းက မြစ်ဆုံတန်ဖဲကျေးရွာဟောင်းရှိ ဈေးဆိုင်တန်းများနှင့် အနီးတစ်ဝိုက် အရပ်သား ၃၂ ဦးအား ကေအိုင်အေက အင်အား ၅၀ ခန့်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယခု ပြန်လည်လွတ်မြောက်သူများတွင် အဆိုပါ ၃၂ ဦးထဲမှ အချို့ပါဝင်ကာ အဖမ်းခံရသူအားလုံးနီးပါးကို ကေအိုင်အေတပ်မဟာ (၁) တပ်ရင်း (၄) မှ ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းနှစ်ဦးဖြစ်သော ပြည်နယ်စီမံဘဏ္ဍာ လုံခြုံဌာနမှ မောင်မုန်ခန်နော်(ယာဉ်မောင်း) နှင့် ဦးဖြိုးဖြိုး (အငယ်တန်းစာရေး) တို့အား မေ ၃ ရက်က ကချင်ချောင်းသာသို့ အပန်းဖြေခရီးသွားရောက်စဉ် ဒွန်ဂမ်နှင့် လုံဂါဇွပ်ကျေးရွာကြား၌ ကေအိုင်အေ အရပ်ဝတ်တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုကိုခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါနှစ်ဦးအား မေ ၆ ရက် ညနေပိုင်းက ပြန်လည်လွှတ်ပေးခြင်းမရှိပါက အင်အားသုံးဖြေရှင်းမည်ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ကေအိုင်အေထံ စာပို့ခဲ့ကြောင်း သိရသည်။

အဆိုပါဝန်ထမ်းနှစ်ဦးအား ကေအိုင်အေအထက်ပိုင်းက သတ်မှတ်ရက်အတိုင်း ပြန်လည်လွှတ်ပေးရန် ညွှန်ကြားခဲ့ကြောင်းနှင့် မြို့ပေါ်သို့ ပြန်လည်ရောက်ရှိရန်မှာ လမ်းပန်းအဆက်အသွယ် အခက်အခဲများကြောင့် ကြန့်ကြာနေခြင်းဖြစ်ကြောင်း ၀န်ထမ်းနှစ်ဦး ပြန်လည်လွှတ်မြောက်ရေးတွင် ကြားဝင်ဆောင်ရွက်ပေးခဲ့သည့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့ဝင်များက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မီဒီယာများသို့ ဖြေကြားမှုများ ပြုလုပ်ထားသည်။

ယင်းသို့ ပြန်လည်လွတ်မြောက်လာမှုနှင့်ပတ်သက်၍ ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးအား မေးမြန်းရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် နေရာချထားရေး လုပ်ဆောင်နေသဖြင့် ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ အဓိကပါဝင်ဆောင်ရွက်ပေးနေသည့် PCG အဖွဲ့သို့ ဆက်သွယ်မေးမြန်းရန် ပြောကြားသည်။

"ကေအိုင်အေက မူးယစ်ဆေးဝါးကွန်ရက်ကိုလိုက်ရင်းနဲ့ အရင်ကေအိုင်အေတပ်ကနေခွင့်နဲ့ ပြန်မလာတဲ့သူတွေရှိတယ်။ တပ်ပြေးနဲ့ မူးယစ်ဆေးဝါးအမှု ရင်ဆိုင်နေတဲ့သူကို ဖမ်းရင်းနဲ့ လူသစ်စုဆောင်းရေး ပါသွားပါတယ်။ လူသစ်တွေကတော့ ဒီ (မေ ၁၃) အစည်းအဝေးကို လေးစားတဲ့သဘောနဲ့ အကုန်လုံးပြန်လွတ်ပြီလို့ သိရပါတယ်။ တပ်ပြေးနဲ့ မူးယစ်ဆေးဝါးဆက်နွှယ်သူ ၂၆ ယောက် ကျန်သေးတယ်လို့ သိရတယ်။ ဖမ်းသွားတဲ့ အပန်းဖြေစခန်းနေရာကလည်း မူးယစ်ဆေးဝါးတွေအသုံးများတဲ့နေရာလို့ သိရတယ်" ဟု PCG အဖွဲ့ဝင် ဦးဆန်းအောင်က ပြောကြားသည်။

Credit To:Eleven Media Group

ဗကပတို. မျိုးဖြုတ်ခံရပုံနဲ. တူတော့မလား KIA


kIA ဗိုလ်ချုပ် အမေရိကားက ပြန်လာပြီးနောက်ပိုင်းမှာ "လွတ်လပ်ရေးလိုချင်လို. စစ်တိုက်တာ"
ဆိုတဲ့အသံတွေ ကြားလာရပါတယ်။ ဒီစကားဟာ အလွန်အန္တရာယ်များတဲ့ စကားပါ။ ဘယ်သူ.အတွက်လည်းဆိုရင် KIA အတွက်ပါ။ 

တရုတ်ရဲ့ထောက်ပံ့မှုသာရပ်ဆိုင်းသွားမယ်ဆိုရင် KIA ဆိုတာလည်း ရှိနေတော့မှာမဟုတ်ပါဘူး။
KIA စစ်သားဝတ်ထားတဲ့ယူနီဖောင်းက တရုတ်ယူနီဖောင်း၊ လက်နက်က တရုတ်လက်နက်၊
နေနေတာ တရုတ်နယ်စပ် ဆိုတော့ တရုတ်ကသာ မီးနီပြလိုက်တာနဲ. KIA ဆိုတာ လိုင်စင်မဲ့ကားဖြစ်သွားမှာပါ။ ပြီးတော့ KIA ရဲ့ စစ်အင်အားပါ အင်အားဘယ်လောက် ရှိသည်ဖြစ်စေ...တိုက်ချင်ခိုက်ချင်စိတ်မရှိ၊ ခံယူချက်မရှိ၊ စစ်ရေးအတွေ.အကြုံမရှိရင် လူတွေကို အလကားနေရင်း အသေခံခိုင်းတာနဲ. ဘာမှမထူးပါဘူး။ တွေ.ရာလူချောဆွဲ .. စစ်သားလုပ်ခိုင်းနေတဲ့ ခုနောက်ပိုင်း KIA ရဲ့အနေအထားအရ စစ်အင်အားလိုအပ်ချက်ကို ဖြစ်ကတတ်ဆန်း တွေ.ရာ
လူချောဆွဲပြီး ဖြေရှင်းနေတဲ့ပုံပါ။ 

တရုတ်တို.သာ အမှန်တကယ် မီးနီပြလိုက်မယ်ဆိုရင် KIA ဆိုတာ ဗကပတို. မျိုးဖြုတ်ခံလိုက်ရတဲ့ပုံနဲ. သွားတူပါတော့မယ်။ဗကပတို.ဟာ တရုတ်ခေါင်းဆောင် တိန်.ရှောင်ဖိန်လက်ထက်မှာ ခု KIA ကို တရုတ်က ထောက်ပံ့နေသလိုမျိုး အကုန်ထောက်ပံ့ပေးထားပါတယ်။ အဲတုန်းကတော့ တရုတ်က တိုင်းသိပြည်သိ တရားဝင်ထောက်ပံ့ထားတာပါ။ နောက်ပိုင်း တိန်.ရှောင်ဖိန်က အရှေ.တောင်အာရှနိုင်ငံတွေကို ချစ်ကြည်ရေးခရီးသွားရင်း စင်္ကာပူကို သွားတယ်။ ချစ်ကြည်ရေးခရီးဆိုတာထက် ဆိုဗီယက်နဲ. ခပ်ကင်းကင်းနေရေး လိုက်ပြောတာပါ။(အဲချိန်တုန်းက တရုတ်နဲ. ဆိုဗီယက်က မတည့်ကြပါဘူး) ။ စင်္ကာပူရောက်တော့လည်း လီကွမ်ယုကို တိန်.ရှောင်ဖိန်က" ဆိုဗီယက်မကောင်းကြောင်း၊ အဲကောင်ကြီးနဲ. ခပ်ကင်းကင်းနေသင့်ကြောင်း" ပြောတယ်။ အဲချိန်မှာ တိန်.ရှောင်ဖိန်ကို လီကွမ်ယုက "ကျုပ်တို.က ဟိုးအဝေးကြီးကဆိုဗီယက်ကို မကြောက်ပါဘူး။ ကျုပ်တို.တကယ်ကြောက်တာက ခင်ဗျားတို.ကိုပါ" ဆိုပြီး ပြန်ပြောတယ်။ ဘာဖြစ်လို. ဒီလိုပြောရလည်းဆိုတော့ အဲချိန်တုန်းက တရုတ်နိုင်ငံက အရှေ.တောင်အာရှနိုင်ငံတွေက သူပုန်ကွန်မြူနစ်တွေကိုနောက်ကွယ်ကနေ ထောက်ပံ့ပေးနေတာကိုး။ လီကွမ်ယုနဲ.တွေ.ပြီးနောက်ပိုင်းမှာ တိန်.ရှောင်ဖိန်က သူ.မူဝါဒတွေကို ပြန်သုံးသပ်ပြီး ကွန်ုမြူနစ်တွေကို မထောက်ပံ့တော့ဘူး။ ဒီလိုနဲ.ပဲ မြန်မာပြည်က ဗကပတွေလည်း အမြစ်ပြုတ်သွားရော။ ဗကပအမြစ်ပြုတ်သွားတာ လီကွမ်ယုကြောင့်ဆိုရင်လည်း မမှားပါဘူး။

တရုတ်ဆိုတာ ကိုယ်ကျိုးကြည့်တဲ့နေရာမှာ နှစ်ယောက်မရှိပါဘူး။ သူ.အတွက်
အသုံးမလိုတဲ့တစ်နေ.၊ဒါမှမဟုတ် လက်ရှိမြန်မာအစိုးရနဲ. တရုတ်တို. သဘောတူညီမှုတစ်ခု ရပြီးတဲ့တစ်နေ.မှာတော့ KIA ဌာနချုပ်ဆိုတာ မြန်မာပြည်မြေပုံပေါ်ကနေ ပျောက်သွားပါလိမ့်မယ်။
နောက်ဆိုရင် KIA ဆိုတာ ဗကပ တွေလိုပဲ သမိုင်းထဲမှာပဲ ပြန်သင်နေရပါလိမ့်မယ်။ 

Credit To:ထိုက်သူ

Share

Twitter Delicious Facebook Digg Stumbleupon Favorites More